ဇင်းကျိုက်မြို့


ဇင်းကျိုက်တောင်တန်းအလိုက်တောင်ခြေရင်းတွင်ကပ်လျက်တည်ရှိ၍ ရန်ကုန်-မြိတ် မော်တော်ကားလမ်းမကြီးနှင့် ရန်ကုန်-ထားဝယ် မီးရထားလမ်းတို့ ဖြတ်သန်းသွားလျှက်ရှိရာ တောင်ခြေမှ ပင်လယ်ကမ်းစပ်အထိ ညီညာပြန့်ပြူးသော လယ်ကွင်းပြင်တည်ရှိပါသည်။ မြောက်ဖက်(၁၅)မိုင်အကွာ၌ သထုံမြို့နှင့် တောက်ဖက်(၆)မိုင်အကွာ၌ ပေါင်မြို့တည်ရှိပါသည်။

အခြေခံပညာ အထက်တန်းကျောင်း

ဇင်းကျိုက်မြို့အားအပိုင်(၅)ပိုင်း နှင့်အုပ်ချုပ်မှုစနစ်အရရပ်ကွက်များဖြင့်လည်းသတ်မှတ်ထားရှိပါသည်။ အုပ်ချုပ်မှုစနစ်အရ ရပ်ကွက်ပေါင်း(၂၃)ရပ်ကွက်ဖြင့်သတ်မှတ်ဖွဲ့စည်းထားပြီး အိမ်ထောင်စုပေါင်း(၂၈၇၂)စုရှိပြီး လူဦးရေပေါင်း(၁၉၀၈၇)ယောက်ရှိပါသည်။ အများစုမှာမွန်လူမျိုးနေထိုင်ပြီးဗမာ၊ကရင်လူမျိုးများရောနှောနေထိုင်ပါသည်။ဘာသာရေးအနေဖြင့်ဘုန်းတော်ကြီးကျောင်းပေါင်း(၁၆) ကျောင်းတည်ရှိပြီး၊ဗုဒ္ဓ
ဘာသာဝင်များဖြစ်ကြပါသည်။ ပညာရေးအနေဖြင့်အခြေခံပညာအထက်တန်းကျောင်း(၁)ကျောင်း၊ အခြေခံပညာ မူလတန်းလွန်ကျောင်း(၁)ကျောင်း၊ အခြေခံပညာ မူလတန်းကျောင်း(၆)ကျောင်း နှင့်မူလတန်းကြိုကျောင်း(၁)ကျောင်းတို့ရှိပါသည်။ ကျန်းမာရေးအနေဖြင့် ကျန်းမာရေးဆေးပေးခန်း (၁)ရှိပါသည်။

အခြေခံပညာ မူလတန်းကျောင်း



အခြေခံပညာ မူလတန်းကြိုကျောင်း

လူမှုရေးအနေဖြင့် ဗုဒ္ဓဘာသာဝင်များဖြစ်ကြသည့်အားလျော်စွာ သာသနာတော်အား သက်ဝင်ယုံကြည်မှုကိုအခြေခံ၍ အချင်းချင်းယိုင်းပင်းကူညီပြီး စုပေါင်းလုပ်ဆောင်လေ့ရှိကာ နာရေးအတွက်ကျန်ရစ်သူမိသားစု သောကနည်းပါးစေရန် နာရေးကူညီမှုအသင်းတခုကိုလည်း ဖွဲ့စည်းထားပါသည်။ဗဟုသုတတိုးပွားစေရန်အတွက်လည်း စာကြည့်တိုက်များ ဖွင့်လှစ်ထားရှိပါသည်။ ဒေသအတွင်း ထင်ရှားသောစေတီပုထိုးများ-
(က) သင်္ကန်းလှန်းတောင်စေတီ - သထုံပြည့်ရှင်မင်းအသောကဓမ္မရာဇာမင်းကြီး လက်ထက်တွင် တိမ်မြုပ်ပျောက်ကွယ်နေသော ဇင်းကျိုက်ဆံတော်ရှင်အား ပြန်လည်ဖော်ထုတ်ရန်အတွက် ရဟန်းတော်များအား စေလွတ်ရှာဖွေခိုင်းခဲ့ရာ၌ စွတ်စိုသောရာသီဥတုကြောင့် စခန်းချရပ်နားခဲ့ပြီး စွတ်စိုနေသောသင်္ကန်းများကိုလှန်းခဲ့ရသည့်နေရာတွင် စေတီတည်ထားကိုးကွယ်ခဲ့သောကြောင့် သင်္ကန်းလှန်းတောင်စေတီုခေါ်တွင်ပါသည်။
(ခ) နဂါးဥစေတီ - ကျိုက်ထီးရိုးနှင့် ဇင်းကျိုက်သမိုင်းကူအရ ဝိဇ္ဇာထိုရ်နှင့် နဂါးမအကြောင်းပါပြီး ရရှိလာသောဥကို ဂစ္ဆဂီရိတောင်(ဇင်းကျိုက်တောင်)တွင်ဥချထားပြီး ဂစ္ဆဂီရိရသေ့တိသာမှ တွေ့ရှိကောက်ယူခဲ့သောနေရာကို ရည်သန်၍တည်ထားသောစေတီအား နဂါးဥစေတီဟုခေါ်တွင်ပါသည်။
(ဂ) မဟာဗောဓိစေတီ - ဇင်းကျိုက်ဘုရားတောင်တက်လမ်းဘေးတွင် ဗုဒ္ဓဂါယာမှ မဟာဗောဓိစေတီပုံစံအတိုင်း ပုံတူတည်ထားကိုးကွယ်သောစေတီဖြစ်ပါသည်။

ဇင်းကျိုက်ရေတံခွန်

(ဃ) ကျောက်သင်္ဘောစေတီ - ဇင်းကျိုက်ရေတံခွန်ပေါ်တွင် လှေသင်္ဘောသဏ္ဏာန်ရှိ ကျောက်တုံးကြီးပေါ်တွင်တည်ထားသောကြောင့် ကျောက်သင်္ဘောစေတီဟု ကျော်ကြားပါသည်။

ဇင်းကျိုက်ရေလည်ဘုရား

(င) ရေလည်ဘုရားစေတီ - ဇင်းကျိုက်ကန်ကြီးပိုင်းတွင် သဘာဝအလျောက် ဖြစ်ပေါ်နေသောကန်သာယာကြီးအတွင်းတည်ထားသောကြောင့် ရေလည်ဘုရားစေတီဟု ဘွဲ့အမည်ရပါသည်။
(စ) ဘုရားနှစ်ဆူစေတီ - သမိုင်းရာဇဝင်လာ ဗျတ်ဝိနှင့် ဗျတ္တညီနောင်(၂)ဦး သင်္ဘောပျက်၍ မျောလာရာမှ သောင်တင်ခဲ့သည့်နေရာတွင် တည်ထားသောစေတီ(၂)ဆူကို ဘုရားနှစ်ဆူစေတီဟု လူသိထင်ရှားဘွဲ့အမည်ရပါသည်။


အပြည့်အစုံသို့...>>>

ဇင်းကျိုက်ဆံတော်ရှင်စေတီတော်မြတ် သမိုင်းရာဇဝင်

ဇင်းကျိုက်ဘုရား တောင်တက်လမ်း

သုံးလူ့ထွဋ်ထားသဗ္ဗညုရှင်တော်ဂေါတမမြတ်စွာဘုရားသခင်သည်ဘုရားအဖြစ်သို့ရောက်ခါနီး ကာလဝယ် ကရာမည-ကရဏ္ဍကတိုင်း သုဘိန္နဂရဟု ထင်ရှားရှိခါရှင်တော်ဘုရားအပွင့်မှီ နှစ်ပေါင်း ၅၀-ခန့်က ယခု သထုံပြည်တည်နေရာဌာနသုဘိန္န နဂရမြို့ကြီးဟုဝေးနီးထင်ပေါ် သတင်းကျော်လျက် လွန်စွာမွေ့ပျော်ခါ စတုမဟာတာဝတိသာ မာယာစသည်နတ်တို့ပြည်ကဲ့သို့ စည်ပင်လှစွာ သားကြီးသာ၍ သတ္တဝါဗိုလ်လူခပ်သိမ်း သူတို့မှီခိုနေထိုင်ရာဖြစ်သောရာဇဌာနီမင်းနေပြည်တော်မြို့ကြီးတမြို့တည်ထားရှိလေသည်။ထိုသုဘိန္နနဂရ(ခေါ်)ယခု သထုံ (ခေါ်) သုဝဏ္ဏဘူမိ ရာဇဌာနီ မင်းနေပြည်တော်တွင် တိဿဓမ္မ ဘုရင်ကြီးသည် သီရိက္ကပါ အဂ္ဂမဟေသီ ဒေဝီမိဖုရားခေါင်နှင့် ဘုန်းမီး နေ,လ,ထွန်းတောက်ပလျက် ဒဿရာဇ ဓမ္မလေးတန် သင်္ဂဟနာယက ခြောက်ပုံ ခုနှစ်စုံ အပရိဟာ၊ အစဖြာသော စည်လာလမ်းကြောင်းနှင့် ကမ္ဘာအစ မဟာသမတမင်းကောင်းမင်းမြတ်တို့၏ ကျင့်စဉ်ဖြင့် စီမံအုပ်ချုပ်ခါ နေတော်မူကြလေသတည်း။၎င်းနောက် မင်းမိဖုရားတို့၏ သားတော် ၂-ပါးဘွားမြင်တော်မူရာတွင် သားတော်အကြီးကို ပုဏ္ဏားတော်တို့ကသိမ်မွေ့နူးညံ့၍သိပ္ပပညာအရာရာတွင်လိမ္မာတတ်မြောက်ခြင်း၊ သူတော်သူမြတ်တို့၏ အလေ့အလာသီလသိက္ခာနှင့်ပြည့်စုံခြင်း ဟောပြော
ကြသဖြင့်တိဿာကုမာရဟုဘွဲ့ပုံတော်အပ်နှင်းကာ၊ သားတော်အငယ်က ခြေတဝါး၌ခြင်္သေ့စက်လက္ခဏာပါနေဖြင့်သီဟကုမာရဟုဘွဲ့ပုံတော်အပ်နှင်းတော်မူ
ပြီးလျင်အလွန်ချစ်ခင်ယုယစွာအမျိုးမျိုးသောစည်းစိမ်ချမ်းသာမင်းညီမင်းသားအဆောင်အယောင်များစွာတို့ဖြင့်ထားရှိတော်မူလေသည်။


နောင်တော်ဖြစ်သော တိဿကုမာရ သက်တော် ၂၃-နှစ်၊ ညီတော် သီဟကုမာရ သက်တော် ၂၁-နှစ်အရွယ်သို့ရောက်သောအခါနောင်တော်သည်ဘဝအတန်တန်က ရင့်သန်သောပါရမီဓါတ်ခံကြောင့်သတိ၊ သံဝေဂ၊ တရားတွေ ထင်လာရရှိခါ ညီတော်ကိုခေါ်၍ တိုင်ပင်သည်မှာ နောင်တော်ညီတော်တို့သည် မနုဿတ္တ ဒုလ္လဘ ဟုဆိုသော လူ၏ဘဝကို အလွန့်အလွန် ရခဲပါလျက် အတိတ်ဘဝက ကုသိုလ်ကံ အထူးအကျိုးပေးသန်လှသဖြင့် လူ့ဘဝတွင် လူမင်းဖြစ်သော အသက်ဦးဆံပိုင်သည့် ရေမြေသနင်း ပြည့်ရှင်မင်း၏သားတော်များဖြစ်လာကြလေသည့်အလျောက်ထီးမွေနန်းမွေဆက်ခံခြေကယွင်းသွေတိမ်းပါးမတရားသော် ဖြစ်သောဘဝ သံသရာတွင် တဆင့်ထက် တဆင့် မြင့်မြတ်ခါ နိဗ္ဗာန်ချမ်းသာကို ဧကန်ရောက်ရှိ ခံစားစံစားနိုင်အောင် သံဝေဂ တရားနှလုံးသွင်း အားထုတ်ဘို့ အရေးသည် စည်းစိမ်နှင့် ပျော်မွေ့ခါ အေးနေ၍မဖြစ်နိုင်၊ တောတောင်ပျော်မွေ့ရသေ့ရဟန်းပြုလုပ်လျက်သီလသိက္ခာမြဲစွာနှင့် သမထ ဝိပဿနာ ကမ္မဌာန်းပါစီးဖျမ်းအားထုတ်ရသော်မှ လျော်ကန်သင့်မြတ်မည့်အကြောင်းကို ပြောဆိုတိုင်ပင်သောအခါ ညီတော်သည်လည်း ပါရမီရှင် ဖြစ်သည့်အလျေက် လွန်စွာနှစ်ခြိုက် ဘဘောကြိုက်ညီပြီး ခမည်းတော် မယ်တော်တို့ထံ ခွင့်ပန်ရန် ညီနောင် ၂-ပါး သံဓိဌာန်ချခါ တောထွက်ဘို့အရေး ကြံစီတွေးခါဖြင့်သာ ရှိနေကြလေသတည်း။


မင်းမိဖုရား၂ပါးတို့သည်သားတော်၂ပါးကို လွန်စွာချစ်ခင်ကြင်နာစွာအမျိုးမျိုးသောစည်းစိမ်ချမ်းသာဖြင့်ထားကာ နေတော်မူသည်တွင်အချိန်တန်အရွယ်ရောက်လာသောကြောင့် သားတော်အကြီးဖြစ်သောတိဿကုမာရမင်းသားကို အိမ်ရှေ့ဥပရာဇာအပ်နှင်းပေးသနားတော်မူလေရာရသေ့ရဟန်းပြုလုပ်လိုကြောင်းဖြင့်အတန်တန်ငြင်းပယ်တောင်းပန်လျှောက်ထားသောကြောင့်သားတော်အ
ငယ်သီဟကုမာရမင်းသားအားအိမ်ရှေ့ဥပရာဇာအပ်နှင်းပြန်လေရာနောင်တော်တိဿကုမာရမင်းသားကဲ့သို့ပင်ငြင်းဆန်ခွင့်ပန်လျှောက်ထားပြန်၍မင်းမိဖုရား ၂-ပါးကခမည်းတော်နှင့် မယ်တော်တို့မှာ ဤသားတော် ၂-ပါးသာလျင် ကံအားလျှော်စွာ ရရှိကာ သံယောဇဉ် ငြိတွယ်နေသဖြင့် ထီးနန်းညွန့်မပျောက်မပျက်စေလို သောကြောင့်ရသေ့ရဟန်းပြုခွင့်မပြုနိုင်၊ အကယ်၍ သားတော် ၂-ပါးအနက်သားတော် ၁-ပါးထီးနန်းဆက်ခံမည်ဖြစ်ပါက ခမည်းတော် မယ်တော် တို့ စိတ်မချမ်းမြေ့သော်လည်း ဖြေနိုင်စရာအကြောင်းရှိသေးသည်ကို မိန့်တော်မူလျက် ထပ်မံ ခန့်အပ်ရာ မင်းမိဖုရား၂-ပါးကြံစည်အားထုတ်ကာနေတော်မူကြသည်။
ဤသို့နှင့်ပင်ညီနောင်၂ပါးသည်ရသေ့ရဟန်းပြုခွင့်မရကြသဖြင့်စိတ်သောကဖြစ်ကာမှိုင်တွေနေရာမှ ပွဲတော်တည်ရန်ကိုပင် ကောင်းစွာသုံးဆောင်ခြင်းမပြုကြဘဲမအီမသာပိန်ခြုံးကာရှိနေသည်ကိုမင်းမိဖုရား၂ပါးသိရှိသဖြင့်တွေးတောကြံဆတိုင်ပင်ကြကာရသေ့ရဟန်းပြုခွင့်မရကြလျင်
တနေ့ထက်တနေ့အသက်အန္တရာယ်ဆုံးရှုံးဘွယ်ရာဖြစ်ချေတော့မည်ကိုစိုးရိမ်တော်မူကြသဖြင့်၊သာသနာ့ဒါယကာသာသနာ့အမွေခံလည်းဖြစ်စေတော့ဟုတိုင်
ပင်တော်မူပြီးလျင်ရသေ့ရဟန်းပြုခွင့်ပေးသနားတော်မူလေသည်။
မင်းသားညီနောင်၂-ပါးသည်ရသေ့ရဟန်းပြု၍တောထွက်ရန်ခွင့်ပြုချက်ရလေလျင်အကြံတော်အောင်မြင်သဖြင့် အလွန်ရွင်လန်းဝမ်းမြောက်ကာအားအင်ပြည့်
တင်းစိမ့်သောငှာရက်သတ္တပတ်ကြာအဟာရမှီဝဲကြပြီးလျင်ရသေ့ရဟန်းပြုကာအတူတကွသုဝဏ္ဏဘူမိ(ခေါ်)သထုံမြို အရှေ့တောင်အရပ်ရှိဂစ္ဆဂီရိတောင်တော်
(ဇင်းကျိုက်တောင်)စခန်းသို့ကြွမြန်းဆိုက်ရောက်ကာသီလသိက္ခာပြည့်စုံစွာဖြင့်ဝိပဿနာကမ္ပဌာန်းများကို၏ကြိုးပမ်းအားထုတ်ရိုသေစွာကျင့်ကြံနေတော်မူကြ
သောကြောင့်များမကြာမှီလောကီဈာန်သမာပါတ်ကိုအောင်မြင်စွာရရှိအကြိုးခံစားကြရလေသည်။ဈာန်သမာပတ်ရကြပြီးသောအခါနောင်တော်ကတဖန်အကြံရှိ
တော်မူသည်မှာငါတို့ညီနောင်အတူတကွကျင့်ကြံအားထုတ်ခြင်း၊တဦးနှင့်တဦးစကားပြောဆိုခြင်းရှိနေလျှင်အချိန်ကုန်လွန်ခြေမည်ဖြစ်သောကြောင့်ခွဲခွာ၍ သီး
ခြားနေထိုင်ကျင့်ကြံအားထုတ်ရသော်ယခုရရှိထားသောဈာန်တန်ခိုးထက်အကျိးကြီးသည့်တရားတော်များကို ဆောလျင်စွာခံစားရရှိနိုင် မည့်မျှော်လင့်ချက် ဖြင့် ညီတော်ရသေ့ကိုတိုင်ပင်ရာနောင်တော်၏အမိန့်အတိုင်းသဘောတူလျက်နောင်တော်ကဂစ္ဆဂီရိတောင်(ဇင်းကျိုက်တောင်)၊ ညီတော်ကဗန္ဓာဂီရိတောင်(ဇွဲကပင်တောင်)သို့အကြောင်းရှိခဲ့သောမီးပြခြင်းအချက်သက်သေပြုထားသီတင်းသုံးတရားအားထုတ်နေတော်မူကြသည်။
ရသေ့ညီနောင်၂ပါး၏ဘွဲ့တော်မှာမင်းသား၏ဘွဲ့တော်အတိုင်းနောင်တော်ကိုတိဿရသေ့၊ညီတော်ကိုသီဟရသေ့ဟုပင်လျှင်ဘွဲ့တော်ထားရှိခါနေထိုင်ကြလေ
သည်။ယခုသထုံမြိုအရှေ့တောင်ဘက်ရှိဂစ္ဆဂီရိ (ဇင်းကျိုက်တောင်) သည်ရှေးအခါကပင်လယ်ကမ်းပါးတောင်ခြေဖြစ်လျှက်တောင်၏ အနောက်ဘက် ခြေရင်း
ကမ်းပါးနှင့်မနီးမဝေပင်လယ်ထဲတွင်ကျွန်းကြီးတစ်ကျွန်းရှိကာ ဇင်းကျိုက်တောင်ကဲ့သို့ပင် သစ်ပင်၊သစ်ပွင့်၊သစ်သီးဆန်းကြယ်စုံလင်စွာအနံ့အရသာ မျိုးစုံကာအရိပ်အာဝါသပါတင့်တယ်စွာဆေးအတွက်တန်ခိုးဖြာသောနေရာမြူးထူးပျော်စရာဖြစ်သောကြောင့်နဂါးပြည်မှနဂါးများသည် ဤကျွန်းသို့မကြခဏ လာရောက်ကာ မြူးထူးပျော်ပါး နေထိုင်လေ့ရှိကြသဖြင့်ဇင်းကျိုက်တောင်နှင့်ဤကျွန်းကြီးကိုနဂါးပျော်တောင်၊နဂါးပျော်ကျွန်းဟုပင်ခေါ်ကြသည်။
ဗန္ဓာဂီရိတောင်(ဇွဲကပင်တောင်)သည် ရှေးအခါက စိမ့်ကြီးမြိုင်ကြီး ရိပ်ကြီးတောတောင် နေရောင်မသန်းပဲ သြဇာရသာ တန်းခိုးဖြာသော ဆေးသစ်ပင်များ အဂ္ဂိယ ဖိုထိုးသမားတို့အတွက် အကျိုးများသော ၀ထ္ထုပစ္စည်းများပါ ဆန်းကြယ်စွာ အထူးသဖြင့် စုံလင်ပေါများသောကြောင့် ၀ိဇ္ဇာဓိုရ်ဇော်ဂျီများ ဆေးအလို့ငှာ ပျော်ပါးလာရောက်လေ့ရှိကြလေသည်။တရံရောအခါက အဆိုပါဇင်းကျိုက်တောင်အနီး နဂါးပျော်ကျွန်းကြီးတွင် နဂါးမသည် လူမိန်းမအသွင် နုပျိုချောမွတ်စွာ ဆင်ယင်ကာ ဖန်ဆင်းလျက် ထိုကျွန်းကြီးပေါ်တွင်ပျော်ရွှင်စွာ ကခုန်သီဆိုကာ မြူးထူးပျော်ပါးနေခိုက် ၀ိဇ္ဇာဓိုရ်လုလင်ပျိုတစ်ဦးသည် ၎င်းကျွန်းကြီးသို့ဆေးဝါးရှာအလို့ငှာရောက်လာရာတွင်တွေ့ဆုံမိကြသဖြင့်မေတ္တာဆက်ဆံကိုယ်လက်နှီးနှောကြသောကြောင့် လူမိန်းမအသွင် ဖန်းဆင်းထားသောနဂါးမတွင် ပဋိသန္ဓေစွဲကပ်ရှိသဖြင့် နဂါးတို့ထုံးစံ လူသားနှင့်ဆက်ဆံ ငြိတွယ်စွဲကပ်သော ပဋသန္ဓေကို နဂါးပြည်သို့ယူဆောင်ရိုးမရှိသောကြောင့် သန္ဓေရင့်မာအောင် ဆိုင်းငံ့နေပြီးမှ ဥချရန်အချိန်စေ့ရောက်၍ ၎င်းကျွန်းကြီးနီး ဒိုက်သရောကြီး တစ်ခုပေါ်တွင် ဥ၂-လုံးဥချထားပြီး စွန့်ပစ်ကာ ပြန်သွားလေသည်။တိဿရသေ့ကြီးသည် ဇင်းကျိုက်တောင်ရိုး တလျှောက်မှ သစ်သီးသစ်ဥကြီးငယ်များကို ရှာဖွေသုံးဆောင်ခြင်းဖြင့် ၎င်းတောင်အနီးရှိ ကျေးရွာများမှ သဒ္ဓါတရားနှင့်ပြည့်စုံသောဒါယကာတို့လှုဒါန်းပူဇော်သက္ကာများကို မှီဝဲသုံးဆောင်ခြင်းဖြင့် မျှတတော်မူကာ တောင်၏အနီးနားဝန်းကျင်ရှိ တောတောင်တစ်လျှောက်သို့ဣရိယာ ပုတ်ညီမျှစေခြင်းငှာ စင်္ကြန်သဘောဖြင့် မကြခဏ သွားလာလှည့်ပတ်လေ့ရှိသည်ဖြစ်၍တစ်နေ့သောအခါ လှည့်လည်တော်မူရာတွင် သံသရာမှ ကံဆုံလာသည့်အတိုင်း တောင်ခြေရင်းကမ်းပါးအနီး ဒိုက်သရောကြီးအပေါ်တွင် လူ့ရပ်လူဘုံ၌ တစ်ရံတစ်ခါမျှ မတွေ့မကြုံဘူးအလွန်ထူးဆန်းအံဘနန်းရှိသောအဆိုပါဥကြီး၂-လုံးကိုတွေ့သောအခါကောက်ယူလိုသောအာသာစိတ်ဖြစ်တော်မူလေသဖြင့် ကောယူရာ၌ ဥပါဒ်ဘေးရန်အန္တရယ်တစုံတရာရှိမရှိ စုံစမ်းကြည့်သော် ဘေးမသီရန်မခပဲ ရယူနိုင်ကြောင်းသိ၍ ဥကြီး၂-လုံးကို ကျောင်းသင်္ခဏ်းသို့ ရွှင်လန်းဝမ်းမြောက်စွာ ယူဆောင်တော်မူလာလေသည်။
တိဿရသေ့ကြီးသည် ထိုဥကြီး ၂-လုံးကို ယူဆောင်၍ ကျောင်းသင်္ခဏ်းသို့ ရောက်သည့် ခဏတွင်ပင် ရရှိသော ဥကြီး ၂-လုံးအကြောင်းညီတော်သီဟရသေ့အား ပြောဆိုပြသရန်အတွက် ညတွင်မီးပြအချက်ဖြင့် ညီတော်ကိုပြသခေါ်လေရာ နောက်တနေ့ ညီတော်ရောက်လာသဖြင့် ထူးဆန်းသော ဥကြီးများ၏ အချင်းအရာတွေးတောဆင်ခြင်ကာ တောင်ခြေ၏ သမုဒ္ဒရာပင်လယ် ကမ်းနားနဂါးမနှင့် ဝိဇ္ဇာ တွေ့ဆုံသင့်မြတ်ခါ သန္ဓေရသဖြင့် ၊ နဂါးမ ဥချစွန့်ထားခဲ့သော ဥကြီးများဖြစ်တန်ရာ၏ဟု တိုင်ပင်ကြပြီးလျှင် ညီနောင် ၂-ပါး တစ်ခုစီ သိမ်းယူထားရန် သဘောတူကာ ညီတော်သီဟရသေ့ သည် ဇွဲကပင်တော်သို့ ဥတလုံး ယူဆောင်ကြွသွားကာ သိမ်းဆည်း ထားတော်မူလေသည်။ထိုကဲ့သို့ ညီနောင် ၂-ပါး အသီးသီး သိမ်းယူထားပြီး ကာလပေါက်ဘွားချိန်စေ့ရေက်သောအခါ နောင်တော် တိဿရသေ့ကြီး ယူထားသောဥမှ ရှုခြင်စဘွယ် အင်္ဂါကြီးငယ် လက္ခဏာပြည့်စုံ ငုံတန်ကြော့ရှင်း အဆင်းအသရေ တင့်တယ်လှပသော ယောက်ျားကလေး ပေါက်ဘွားလေသည်။ ထိုနေ့၌ပင်လျှင် ညီတော်သီဟရသေ့ ထံရှိဥမှလည်း ထိုနည်းတူစွာ ယောက်ျားကလေးပေါက်ဘွားသဖြင့် နောင်တော်တိဿရသေ့ ထံသို့ ဖူးမျှော်ကန်တော့ကာ ပြသလျှောက်ထားရန် ယူဆောင်၍ ရောက်လာရာ နောင်တော်ကလည်း သားယောက်ျားကလေး ပေါက်ဘွားကြောင်းဖြင့် ညီတော်သို့ပြသကာ တချိန်တည်းလိုပင် ပေါက်ဘွားသော ယောက်ျားကလေးမျာဖြစ်၍ မွေးလှည့်ကြုံကံဆုံကာ ဘဝကပါရမီ အဟုန်ကြောင့် ငါတို့၏ သားများပင်ဖြစ်တောသည် တကားဟု အလွန်ချစ်ခင်ကြင်နာသံယောဇဉ် တွယ်တာလျက် ရသေ့ညီနောင်၏ တန်ခိုးဖြင့်၊ ဓိဋ္ဌာန်ခါ လက်ညှိုးမှ နို့ရည်ယိုထွက် စေပြီးလျှင် အသီးသီး ယုယပိုက်ထွေးကျွေးမွေးစောင့်ရှောက်ထားကြလေသည်။ဥဘွား ၂-ပါး ဘွားမြင်သော သက္ကရာဇ်မှာ ဘိုးတော် အဉ္ဖနမင်း ကောဇာသက္ကရာဇ် ၈၆၄၅ ဖြိုပြီးနောက် ၈၉-ခုနှစ် သက္ကရာဇ်တွင် ပေါက်ဘွားကြလေသည်။
ဇွဲကပင်တောင်ရှိ ညီတော်ရသေ့ထံ ဥမှပေါက်ဘွားသော သူငယ်သည် ၉-နှစ်ကျော် ၁၀-နှစ် အရွယ်သို့ရောက်သောအခါ ကျောက်ပေါက်သောရောဂါဖြင့် အနိစ္စရောက်၍ ဇင်းကျိုက်တောင်ရှိ နောင်တော် တိဿရသေ့ထံ သွားရောက်လျှောက်ထားသောအခါ နောင်တော်က သံသရာတွင်ကျင်လည်သမျှ ဤဒုက္ခမျိုးသည် လွဲရှောင်မရ သင်္ခါရဖြစ်မြဲဓမ္မတာ ဖြစ်၍သံဝေဂ ယူဘို့ရာ ဖြစ်ကြောင်းသာဟုပြောကြားခါ ကျန်ရှိသောဥဘွားကိုသာ ချစ်ခင်ယုယ စောင့်ရှောက်ဘို့ အရေးရှိနေသေး၍ ဇင်းကျိုက်တောင်မှာပင် အတူတကွ ပြောင်းရွေ့ လျက်တိုင်ပင်နေထိုင်ကြလေသည်။ဇင်းကျိုက်တောင်တွင်ညီနောင် ၂-ပါး သားဥဘွားပါနေကြရာမှ တိဿရသေ့ ကြီးသည် ဤအရပ်ကားမြို့ရွာနှင့် နီးစပ်သဖြင့် လူသူပရိဿတ် ထူထပ်ဆူညံ အဆင်းအသံစသောအာရုဏ် ကာမဂုဏ် တို့ကြောင့် စိတ္တဝိဝေဂ ရနိုင်ရာ အရပ်မဟုတ်သေးဟု အပြစ်မြင်သဖြင့် လူသူမနီး တောနက်ရာအရပ်သို့ ရွေ့ပြောင်းနေထိုင်ရန် ရှာဖွေဦးမှ သင့်လျှော်မည် ကြံစီပြီးလျှင် ခရီးဒေသဇာ လှည့်လည်ခါဖြင့် ဆိတ်ငြိမ်ရာအရပ် ရှာဖွေလတ်သော် လူသာမန်တို့ အမြဲနေရန် မဆိုထားဘိ စိတ်ဖြင့် ကြံစီခြင်းငှာပင် ခဲယဉ်းလှစွာသော တောကြီး တောင်ကြီးမြောင်ကြီး အတန်တန် ပတ်ရန်ကာဆီး မြိုင်ကြီး ဂနိုင်ကြီး သေလာ သစ်ပင်သစ်သီး ပန်းပေါင်းစုံစွာ ဇင်းကျိုက်တောင်ထက်ပင်ဝေဆာပေါများသည့် ယခု ကျိုက်ထီးရိုးဆံတော်ရှင်စေတီတော်ကြီးစံပါယ်တော်မူရာဖြစ် သောကျိုက်ထီးရိုးတောင်ကြီးနှင့်မုဆိုးတောင်ခေါ်သော တောင်ကြီးသို့ဆိုက်ရောက်သဖြင့် သဲဖြူချောက် နတ်ချောက် နတ်ရေတွင်း ကျီးပစပ် စမ်းချောင်းတို့တွင် ကောင်းမွန်သန့်ရှင်းကြည်လင်သောရေစင် ရေကောင်းလိုသေလောက် သုံးနိုင်ကြောင်းကိုသိမြင်သောတော်မူ၍ ဤရပ်မြေသည် အရိပ်ရေနှင့် ပြည့်စုံပေစွ ငါတို့ရသေ့ရဟန်းများနှင့်လည်း သင့်လျော် လျောက်ပတ်သော ပတိရူပအရပ်လည်းဖြစ်၍ရွင်လန်းဝမ်းမြောက်ကာဇင်းကျိုက်တောင်မှပြောင်းရွေ့လာရောက်နေထိုင်ကျင့်ကြံပါက လျော်ကံ သင့်မြတ်လိမ့်မည်ဟု စိတ်ကရည်ပြီး ပထမ သီတင်းသုံးသော ဇင်းကျိုက်တောင်သို့ပြန်၍ ညီတော် သီဟရသေ့ ကိုအကျိုးအကြောင်းပြောလျက် သုဝဏ္ဏဘုမ္မိ သထုံမြို့ရှိ ခမည်းတော်မယ်တော်တို့ထံကိုလည်း သွားရောက်ပြောကြားကာ ဥဘွားသားတော်ကိုပါ ခေါ်ဆောင်လျက် မုဆိုးတောင်သို့ ပျော်ရွင်စွာ ကြွရောက်နေထိုင်ကျင့်ကြံအားထုတ် သီတင်းသုံးနေတော်မူလေသည်။
နောင်တော်တိဿရသေ့ကြီး မုဆိုးတောင်သို့ရောက်၍ လပေါင်းအတော်ကြာသောအခါ သိကြားမင်းနှင့် ကရင်စော်ကဲ ဒါယကာများ လာရောက်ပူဇော်ဆည်းကပ်ကာ ငြိမ်းချမ်းစွာ နေထိုင်ခဲ့ကြသည်။မုဆိုးတောင်၌ ဝိဇ္ဇာဓိုရ်လုလင် တစ်ဦးလည်း ထိုတောင်ရိုး တောင်စဉ်တလျှောက်တို့ကိုလှည့်ပတ်၍ ဆေးပင် ဝါးပင်များကို ရှာဖွေနေကာ ကျီးပါးစပ်ဂူတွင်း၌နဂါးမနှင့်တွေ့ဆုံကာတစ်ယောက်ကိုတစ်ယောက် ကြည်ဖြူစုံမက် ၊ ချစ်ခင်နှစ်သက်ကြသဖြင့် ပေါင်းသင်းနေထိုင်ခဲ့ကြလေသည်။ထိုသို့နေထိုင်ကြ၍ ကာလအတော်ကြာသောအခါ တနေ့သ၌ ဝိဇ္ဇာဓိုရ်လုလင် ဆေးဝါးအရှာအဖွေ သွားခိုက်တွင် သတိလွတ်လပ်စွာ အိပ်မိသဖြင့် ဇာတိရုပ်ပေါ်တဲ့အချိန် ဝိဇ္ဇာဓိုရ်လုလင်မြင်သွားကာ ကိုယ့်ကိုယ်ကို ဆင်ခြင်ကာ ဤသို့စဉ်းစားမိသည်..."ငါ့အား နဂါးမနှင့် အိမ်ထောင်ဘက်ပြု၍ ပေါင်းသင်းဆက်ဆံနေသဖြင့် မသင့်မလျော်ချေ၊ ထိုနဂါးမနှင့်တွေ့သည့်နေ့မစ၍ မိမိ၏ဆေးဝါးလုပ်ငန်းလည်း ပျက်ကွက်လစ်ဟင်းချေသည်။ ထိုသို့တပြီးကား မိမိ၏ဆေးဝါးလုပ်ငန်းကို ဆက်လက်၍ လုပ်ကိုင်ရန်နဂါးမကိုစွန့်၍ အရပ်တပါးသို့ တိတ်တဆိတ်ထွက်သွားတော့အံ့ဟု ကြံစီပြီး၊ ဇနီးဖြစ်သူ နဂါးမ မသိအောင် တစ်စုံတစ်ရာပြောဆိုခြင်းမရှိပဲ အမှတ်တမဲ့ ထွက်လာခဲ့ပြီး ဆရာဖြစ်သော တိဿရသေ့ကြီးကို ဖူးမျှော်ကန်တော့၍ တောင်စောင်းသို့ ပုန်းအောင်ဆင်းသက်ပြီးလျှင် ထွက်ပြေးလေသတည်း။
နဂါးမလည်း ဝိဇ္ဇာဓိုရ်လုလင် ထွက်ပြေးသွားသည်ကိုသိရှိကာ ဝမ်းနည်းပူဆွေးက လင်တော်ပြန်လာတဲ့အချိန်ကိုစောင့်မျှော်ကာ မိမိ၏ပဋိသန္ဓေကို သန္ဓေရင့်အောင်စောင့်ဆိုင်းကာ နေပြီး၏သန္ဓေရင့်သဖြင့် ကျီးပါးစပ်ဂူအတွင်း ဥ ၂-လုံးဥချထားခဲ့ပြီး ဆရာရသေ့ကြီးအား ဖူးမျှော်ကန်တော့ာ ဘောဂဝတီနဂါးပြည်သို့ ပြန်သွားလေသည်။နောင်တော်တိဿရသေ့ကြီးသည် ကျီးပါးစပ် ဂူတွင်းမှ ဥ ၂-လုံးတွေ့ရှိကာ ကောက်ယူပြီး မိမိ၏ကျောင်းသင်္ခဏ်းသို့ပြန်လာခဲ့လေသည်။ထိုသို့သိမ်းထားသည့်နောက်မကြာမှီဇင်းကျိုက်တောင်မှညီတော်သီဟရသေ့ရောက်လာသဖြင့်မိမိသိမ်းထားသောဥ ၂-လုံးကိုထုတ်ပြ၍ ရှေးကရဘူးသောဥများနှင့် အလားတူပင်ဖြစ်သည်ဟုပြောဆိုပြီးလျင်ဥတစ်လုံးကိုညီတော်အားပေးတော်မူ၏ ညီတော်သီဟရသေ့လည်း ထိုဥကိုမိမိကျောင်းသင်္ခဏ်းသို့ ယူဆောင်၍ ကောင်းမွန်ယုယစွာ သိမ်ထားတော်မူသည်။ကာလအတန်ကြာသောအခါ ထိုဥ ၂-လုံးမှ သမီးမိန်းကလေး ပေါက်ဘွားလာခဲ့သည်။နောင်တော်တိဿရသေ့ကြီးရရှိထားသော ဥမှပေါက်သည့် မိန်းကလေး ကို ကရင်စော်ကဲကြီးတို့တောင်းယူမွေးစားကာ ထိုမိန်းကလေးအား ရွေနန်းကျင် ဟုအမည်မှည့်ထားလေသည်။ညီတော်သီဟရသေ့ကြီးရရှိထားသော ဥမှ ပေါက်သည့် မိန်းကလေးကို အပေါင်သူကြီး တောင်းယူမွေးစားကာ နာဂသူဇာ သတို့သမီးဟု အမည်မှည့်ထားလေသည်။ညီတော်သီဟရသေ့ကြီး ပထမဥမှ ပေါက်ဘွားသော သားငယ်သည် စုတေပြီး မိထ္ထီလာပြည်တွင် ဂဝမ္ပတိ ရဟန္တာမထေရ် ဖြစ်လာခဲ့သည်။
နောင်တော်တိဿရသေ့ကြီးသည်မင်းသားတို့တပ်ရာသောအတတ်ပညာရပ်များကို၊မိမိငယ်စဉ်ကသင်ကြားတတ်မြောက်တော်မူထားသည့်အတိုင်း သတို့သား နာဂဝိဇ္ဇာ အားသင်ကြားပြသတော်မူ၏။ သတို့သားလည်းဆရာရသေ့ကြီးသင်ပြသော အတတ်ပညာရပ်များကို အလုံးစုံကျွမ်းကျင်တတ်မြောက်လေ၏။ သတို့သားငယ် ၁၇-နှစ်အရွယ်သို့ရောက်သောအခါ တိဿမင်းကြီးနှင့် သီရိကပ္ပါ မိဖုရားကြီး တို့သည် သားတော်များနှင့် ကွေကွင်း၍နေရသောဆင်းရဲဖြင့် အမြဲပူပင်သော စိတ်နှလုံးရှိသည်ဖြစ်၍ညှိုးချုံးပါးလျသော ခန္ဓာကိုယ်ဖြင့်ဇရာဒုဗ္ဗလအရွယ်ရောက်လျက် ဝေဒနာစွဲခန္ဓာစဲခါနတ်ရွာစံလွန်တော်မူကြလေကုန်၏။နောင်တော်တိဿရသေ့ကြီးနှင့်ညီတော်သီဟရသေ့ကြီးတို့သည် နာဂဝိဇ္ဇာ သတို့သားအားထီးနန်းအပ်ခါ ဥဘွားအပေါင်ကျွဲခြံ သူကြီးသမီး နာဂသူဇာကိုဆောင်ယူပြီးလျင် မုဒ္ဓါဘိသိက်ခံတော်မူ၍ အဂ္ဂမဟေသီ အရာထားတော်မူလေသည်။ညီတော်သီဟရသေ့ ၏ဥဘွားသားငယ်သည် စုတေပြီး ရှင်ဂဝမ္မတိထေရ်အဖြစ်သို့ ရောက်ရှိကာ ရှေးဝက အဘနှင့်ဦးရီးတော်ဘူးသော ရသေါ့ ၂-ပါးတို့အားဘုရားသခင်၏ဂုဏ်တော်ကျေးဇူးတော်များကို မိမိဥာဏ်အမြင်ရှိသည့်အတိုင်း အကျယ်တဝင့် ဖွင့်ဟဟောကြားတော်မူလေ၏။ရသေ့ညီနောင်တို့သည် မြတ်စွာဘုရားသခင်၏ ဂုဏ်တော်ကျေးဇူးတော်များကို ကြားနာရလျင် ဘုရားရှင်ကိုဖူးမြင်လိုသောဆန္ဒ၊ ဟောကြားတော်မူသော တရားတော်များကို နာယူလိုသောဆန္ဒ လွန်မင်းစွာဖြစ်ကြ၍ ရှင်ဂဝမ္မတိထေရ်အား မြတ်စွာဘုရားသခင်အားဤအရပ်သို့ပင့်ဆောင်ပေးပါရန် လျှောက်ထားကြကုန်သည်။
ရှင်ဂဝမ္မတိထေရ်သည်လည်း မြတ်စွာဘုရားသခင်အထံတော်သို့ကပ်၍ သုဝဏ္ဏဘူမိ သထုံမြို့ကြီးသို့ နောက်ပါတပည့် သဃာတော် ငါးရာတို့နှင့်တကွဒေသစာရီကြွချီဖြန့်မြန်းတော်မူ၍မိမိ၏ဖခင်ဖြစ်ဘူးသောရသေ့နှစ်ဦးတို့နှင့်ထိုဒေသသူလူနတ်အများတို့အားတရားရေအေးတိုက်ကျွေးပါရန်။။ ဘုရားရှင်ကိုယ်တော်မြတ်လည်း ရှင်ဂဝမ္ပတိထေရ် တောင်းပန်လျှောက်ထားချက်အရ ထိုဒေသသို့ ကြွချီတော်မူသော် ရသေ့နှစ်ဦးနှင့်တကွ များစွာသော လူအပေါင်းတို့ အကျွတ်တရားရကြလတ္တံ့ သော အကြောင်းနှင့် ထိုအရပ်၌ ဆံတော်ဓါတ်များအဓွန့်ရှည်စွာ တည်၍သာသနာတော် စည်ပင်ထွန်းကားအံ့သောအကြောင်းထိုအရပ်သူ နတ်လူအပေါင်းတို့၌ ကောင်းမှုကုသိုလ်တရား အစဉ် တိုးပွားကြအံ့သော အကြောင်းများကို အနာဂတံသ သဗ္ဗညုတရွှေဥာဏ်ဖြင့်ဧကန်တိတိသိမြင်တော်မူဘိ၍ မထေရ်မြတ်လျှောက်ထားတောင်းပန်သည့်အရေးကိုခွင့်ပေးတော်မူလေသတည်း။ဘုရားရှင်ကိုယ်တော်မြတ်လည်း တပည့်သားသံဃာတော်ငါးရာနှင့်တကွ ကောင်းကင်မှ သက်တော်မူပြီးလျင် ရသေ့ ၂-ပါးနှင့် မင်းမိဖုရားတို့၏ ကြိုဆိုခြင်းဖြင့် ကျောင်းတော်သို့တက်တော်မူ၍ ၇-ရက် သီတင်းသုံးစံတော်မူနေသတည်း။
ရသေ့ညီနောင်နှစ်ပါး၊ မင်းမိဖုရား မောင်းမမိဿ ခြွေရံ ပရိသတ် မှုးမတ်ဗိုလ်ပါတို့နှင့်တကွ ရောက်လာသမျှသော တိုင်းသားပြည်သူလူအပေါင်းတို့သည် ဘရားအမှူးရှိသော သံဃာတော်ငါးရာတို့အား ၇-ရက်ပတ်လုံး မွန်မြတ်သောဆွမ်းခဲဘွယ် ဘောဇဉ် ချိုချဉ်ရသာ အဖျော်ယမကာစသည် တို့ဖြင့် ပူဇော်လုပ်ကျွေး ကြပြီးလျှင် သရဏဂုံ ပဉ္စသီ ဆောက်တည်၍ထူးမြတ်သောတရားတော်ကို နာယူကြရသဖြင့် ဥပါသကာ-ဥပါသိကာမ အဖြစ်သို့ ရောက်၍ အကျွတ်တရားရကြလေကုန်သတည်း။ထိုအခါ ရသေ့ညီနောင်တို့သည် မြတ်စွာဘုရားအထံတော်သို့ ကပ်၍သုံးရပ်သောလောက၌ အသဒိသအမိတ ဖြစ်တော်မူပေသောရွေကိုယ်တော်မြတ်ဘုရား၊ ကိုယ်တော်မြတ်ပြန်လည်ကြွချီတော်မူသည့်နောက်၊ ကိုယ်တော်မြတ်၏ကိုယ်စား ညွတ်တွားမြတ်နိုးအမြဲလျှင်ရှိခိုး၍ ကိုးကွယ်ဆီးကပ်ရစ်ပါရခြင်း အကျိုးငှာ တပည့်တော်တို့အား တစုံတရာသောပူဇော်ကိုးကွယ်ဘွယ်ဝတ္ထုကို အတုမရှိသော မဟာကရုဏာတော်ဖြင့် ချီးမြှင့်ကယ်မတော်မူပါဘုရားဟု လျှောက်ထားအသနားတော်မြတ်ခံကြကုန်၏။ ဘုရားရှင်ကိုယ်တော်မြတ်လည်း ဦးခေါင်းတော်ရတနာကို လက်ျာလက်ဖြင့် သုံးသပ်တော်မူ၍ ပါလာသောဆံတော်ဓါတ် ၄ ဆူတို့ကို နှစ်ဆူစီ ပေးသနားတော်မူလေ၏။
ဆံတော်ဓါတ်ရရှိကြသော သူမွန်သူမြတ် အပေါင်းတို့တွင် ကေလာသရသေ့နှင့် သိဿရသေ့ ၊ သီဟရသေ့ တို့သည် တိဿရသေ့ကြီး ဇင်းကျိုက်တောင်၌ သီတင်းသုံးတော်မူစဉ်ကစ၍ညဥ့်ဦးယာမ် အဘို့တို့တွင် မိမိတို့ တောင်ထိပ်မှ တဦးကိုတဦး မီးအမှတ်ပြ၍ လေးမြတ်ကြင်နာစွာ ဆက်ဆံပေါင်းသင်းသော သီတင်းသုံးတော် မိတ်ဆွေရင်းဖြစ်ကြကုန်၏။ ထိုသုံးဦးတို့တွင်သီဟရသေ့သည် နောင်တော် တိဿရသေ့၊ အဆွေတော်ကေလာသရသေ့၊ တူတော် သီဟရာဇာ မင်းတို့နှင့် ညှိနှိုင်းတိုင်ပင်ပြီး ကာလမိမိရရှိသော ဆံတော်ဓါတ် ၂-ဆူတို့ကို တဆူစီသွင်းနှံထာပနာ၍ မိမိနေရာဖြစ်သော ဇွဲကပင်တောင်နှင့် ဇင်းကျိုက်တောင်တို့၌ စေတီတော် တဆူစီ တည်တော်မူ၏။ ထိုသို့ သီဟရသေ့ စေတီတော် တည်သောအခါတွင် သိကြားမင်းလည်း လာရောက်ကူညီလေ၏။ ကေလာသရသေ့ လည်း မိမိရရှိလိုက်သော ဆံတော်ဓါတ် ၂-ဆူမှ တဆူကို သွင်းနှံထာပနာ၍ မိမိနေရာ ကေလာသတောင်၌ စေတီတည်တော်မူ၏။ ဆံတော်ဓါတ်တစ်ဆူကို မိမိ၏ ဦးခေါင်းဆံကျစ်ကြား၌ ဝှက်ထားကိုးကွယ်တော်မူလေ၏။ နောက်ကာလအတော်ကြာသောအခါ ကေလာသရသေ့ သည်စုတေကွယ်လွန်တော်မူလေ၏။ကေလာသရသေ့ ဦးခေါင်းကြား၌ ရသော ဆံတော်ဓါတ်မြတ် ၁-ဆူကို သီဟရသေ့သည် နောင်တော် တိဿရသေ့ အားပေးအပ်လေသည်။တစ်ဆယ့်နှစ်နှစ် မျှကြာသောအခါ တိဿရသေ့ ထံတွင်ရှိသော ဆံတော်ဓါတ်မြတ် ၃-ဆူ ကိုထာပနာ၍ စေတီတော်(ကျိုက်ထီးရိုးစေတီ) တည်ထားကိုးကွယ်တော်မူလေသည်။…

အပြည့်အစုံသို့...>>>

သမိုင်းဝင် ဇင်းကျိုက်ဆံတော်ရှင် စေတီတော်မြတ် ဖြစ်ပေါ်တည်ရှိလာပုံ


မွန်ပြည်နယ်၊သထုံခရိုင်၊ ပေါင်မြို့နယ်တွင်တည်ရှိပါသည်။ ရန်ကုန်မှ (၁၅၅)မိုင်၊ မော်လမြိုင်မှ(၂၄)မိုင်ကွာဝေးပါသည်။သက္ကရာဇ်(၂၃၆)တွင်သထုံပြည့်ရှင် အသောကဓမ္ဇရာဇာမင်းကြီးသည် ဇင်းကျိုက်ဆံတော်ရှင်စေတီတော်မြတ်အား ဥာဏ်တော်ခုနှစ်တောင်အမြင့်၊ အသစ် ပြန်လည်တည်ထားကိုးကွယ်ပြီးအရှည်
တည်တံ့စေရန်အတွက် ဘုရားတောင်ခြေတွင်ရွာတည်ခဲ့ပါသည်။ ဘုရားခြေရင်းရွာကိုမွန်ဘာသာဖြင့် “ဇိုင်ကျာ်” ဟုခေါ်ဆိုရာမြန်မာလို “ဇင်းကျိုက်” ဟုအမည်
တွင်ပါသည်။

ဂေါတမမြတ်စွာဘုရားသည် (၈)ဝါမြောက်တွင် သုဝဋ ဘူမိ-သထုံပြည်သို့ကြွရောက်တရားဟောကြားတော်မူခဲ့သည်။ တိဿနှင့် သီဟရသေ့ညီနောင်(၂)ပါးတို့သည်ဂေါတမမြတ်စွာဘုရားထံဘုရားရှင်၏ ကိုယ်စားဆည်းကပ်ကိုးကွယ်နိုင်ရန် တောင်းပန်လျှေက်ထားမှုကြောင့်


ဂေါတမမြတ်စွာဘုရားမှ ဆံတော်များပေးသနားတော်မူခဲ့သည်။သက္ကရာဇ်(၁၁၂)ခုနှစ်တွင် ရသေ့ညီနောင်(၂)ပါးတို့ရရှိထားသော ဆံတော်များအနက်တစ်ဆူကို ဂစ္ဆဂီရိတောင်ထိပ်၌ ဌာပနာထည့်သွင်းတည်ထားကိုးကွယ်ရာတွင်နဂါးမင်းမှလည်း ၄င်း၏ မျက်စိတစ်ဖက်ကို အဓိဌာန်ပြု၍ဖြစ်ပေါ်လာသောပတ္တမြားကြုတ်ထဲ၌ ဆံတော်ကိုထည့်သွင်းဌာပနာတည်ခဲ့သောကြောင့် မွန်ဘာသာဖြင့် ”ကျိုက်ဗလင်မွတ်နတ်” ဟုခေါ်ဆို၍မြန်မာလို ”နဂါးမျက်စိကွင်းဘုရား” ဟုအဓိပ္ပါယ်ရရှိပါသည်။ ကျိုက်ဗလင်မွတ်နတ် ဘွဲ့အမည်မှ ကျိုက်ဗြင်းနတ်၊ ကျိုက်ဂရင်းနတ် ဟုအမည်တွင်ခဲ့ပြီး ယခုအခါ ဇင်းကျိုက်ဘုရား ဟုလူသိထင်ရှားလာပါသည်။
ဆံတောင်ရှင်၏ ဘုန်းတန်းခိုးအာနုဘော်ကြောင့် သကြားမင်းသည် စေ၊အာ၊မာ၊သော၊ ဘုရားရှိခိုးဂါထာဖြင့်ပူဇော်ခဲ့ပါသည်။ ထိုဂါထာကို စိန္တကျော်သူ ဦးသြ၏ ကဝိလက္ခဏာသုံးကျမ်းတွဲတွင် ဖေါ်ပြပါရှိသည်။
စေ - စေတနာ မတ္တမ္ဖိလံ
အာ - အာကိလေ သက္ခာယာ ဗဟု
မာ - မာရဇ္ဇယ ဂုဏာဒိမှိ
သော - သောဘဂ္ဂေ ယတံနမေ ပုညေန နေန သဗ္ဗမ္ပိ သမိစ္ဈတု ယတိစ္ဆိတံ။
ယံ ဗုဒ္ဓံ အကြင်မြတ်စွာဘုရား၏သောဘဂ္ဂေ ကောင်းမြတ်စွာသော မာရဇ္ဇယ ဂုဏာဒိမှိမာန်ငါးပါးကိုအောင်မြင်ခြင်း ဂုဏ်ကျေးဇူးကို အစရှိသည်၌ စေတနာ မတ္တမ္ဖိ စေတနာဖြစ်ခြင်းမျှသည်လည်း အာကိလေသက္ခာယာ ကိလေသာကုန်သည့်တိုင်အောင် ဗဟု များစွာ ဖလံ အကျိုးရှိပေ၏။ တံဗုဒ္ဓံ ထိုမြတ်စွာဘုရားကို နမေ အလုံးစုံသော ဆုသည်လည်း ယတိစ္ဆိတံ အလိုရှိတိုင်း သမိစ္ဈတု ပြည့်စုံပါစေသတည်း။
ဇင်းကျိုက်ဆံတော်ရှင်သမိုင်းတွင် ပါရှိသည့်ဘုရားရှိခိုးဂါထာမှာ-
ဂစ္ဆဂီရိ မုဒနြိွ၊ ကနိဋ္ဌေစ ဣသိသီဟော ဝန္ဒေတံ အဗ္ဘုတံထူပံ၊ ကေသာဓါတုစ ဌာပနံ
ဘောန္တောသပ္ပုရိသာ - မနှောက်နှေးရာ သံသရာရိကာရယူနိုင်ဖို့ အိုသူတော်ကောင်းအပေါင်းတို့
ကနိဋ္ဌောစ - တိသရသေ့၏ ညီဖြစ်သော
ဣသိသီဟောစ - သီဟရသေ့သည်လည်းကောင်း
ဂစ္ဆဂီရိစ မုဒနြွိ - သစ်ပင်၊ဝါးပင်၊ချုံနွယ်ပေါများ ဂစ္ဆဂီရိ ဆိုသည့်တောင်ထိပ်၌
အဗ္ဘုတံ - ချီးမွမ်းအံ့သြ မြင်သော်လှုပုံ အပေါ်မော့ကြည့်ရှုမဝသော
ယံထူပံ - ထိုဂစ္ဆဂီရိတောင်၌ ဆံတော်ဓါတ်တည်၍ တွက်ချက်တစ်ဆူ စိတ်ဖူးသန့်တည် အံ့သြသောစေတီကို
ဝန္ဒေ ဝန္ဒာမိ - ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးပူဇော် ဖူးမျှော်မှန်လျှော့ ကန်တော့ပါ၏အရှင်ဘုရား။

အပြည့်အစုံသို့...>>>